ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိမ်းသိမ်းမှုမူဝါဒ

ကျွန်ုပ်တို့ပလက်ဖောင်းကိုသုံးစွဲသူများအတွက် ကျွန်ုပ်တို့၏အရေးကြီးဆုံးမူဝါဒမှာ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာသတင်းအချက်အလက်များကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ ဤ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်း အချက်အလက် ထိမ်းသိမ်းမှုမူဝါဒတွင် ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသုံးပြုသူများ (Practitioners, Providers, End-Users နှင့် Visitors များအပါအဝင်)၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မည်ကဲ့သို့ကောက်ယူသည်၊ မည်ကဲ့သို့အသုံးပြုသည်၊ မည်ကဲ့သို့ထိမ်းသိမ်းကကွယ်ပေးသည်ကို ရှင်းလင်း ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူခြင်းနှင့်အသုံးပြုခြင်းသည် ဤမူဝါဒနှင့် အထွေထွေ စည်းကမ်းသတ်မှတ်ချက်တွင် ဖော်ပြချက် များနှင့် သက်ဆိုင်ပါသည်။
သင့်အနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသုံးပြုခြင်း (သို့မဟုတ်) သင်၏အချက်အလက်များကို ပေးခြင်းအားဖြင့် သင်သည် ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိမ်းသိမ်းမှု မူဝါဒတွင် ဖော်ပြထားသော လုပ်ဆောင်ချက်များနှင့် မူဝါဒများကို ဖတ်ရှုနားလည်ပြီး သဘောတူညီသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤမူဝါဒတွင် ဖော်ပြထားသော သတ်မှတ်ချက်များ၏ အစိတ်အပိုင်းများကို လိုအပ်ပါက မည်သည့်အချိန်တွင်မဆို ပြောင်းလဲခွင့်၊ ပြင်ဆင်ခွင့်၊ ထပ်တိုးခွင့်၊ ပယ်ဖျက်ခွင့်ကို ရယူထားပါသည်။ သင့်အနေဖြင့် ဤမူဝါဒအား သဘောတူညီမှုမရှိပါက ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကိုအသုံးပြုခြင်း (သို့မဟုတ်) သင်၏အချက်အလက်များအားမျှဝေခြင်း မပြုလုပ်သင့်ပါ။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအား အခြားသူများ (ဥပမာ-သင်၏မိသားစုဝင်/လုပ်ဖော်ကိုင်ဖက်)အတွက် ကိုယ်စားအသုံးပြုပါက သင့်တွင် အဆိုပါသူများ၏ ကိုယ်စား ဤမူဝါဒကို သဘောတူညီခွင့်၊ အချက်အလက်များ ပေးအပ်ခွင့်ရှိသူ အဖြစ် ကိုယ်စားပြုသူအဖြစ် မှတ်ယူမည် ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များ ကောက်ယူခြင်း

သင့်အား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုကို ပေးဆောင်ရန် ကျွန်ုပ်တို့အနေဖြင့် သင်၏အချက်အလက်များကို ကောက်ယူခြင်းနှင့် အသုံးပြုခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သင် ဝန်ဆောင်မှုများကို ရယူရန်အတွက် ဆက်သွယ်ဆောင်ရွက်ချက်နည်းလမ်း (provider app, emails, telephone calls များနှင့်အခြားနည်းလမ်းများ) တစ်ခုခုဖြင့် ဆက်သွယ်သောအခါ ကျွန်ုပ်တို့အနေဖြင့် သင့်အား မည်သူမည်ဝါဖြစ်သည်ကို ပုဂ္ဂိုလ်ရေးအရ ခွဲခြားနိုင်ရန် အလို့ငှာ (သင်၏ နာမည်၊ အသက်၊ ကျား/မ၊ ပေးလိုသော ကျန်းမာရေးဝန်ဆောင်မှု၊ ဝန်ဆောင်မှုပေးလိုသော မြို့နယ်အချိန်အစရှိသည့်) လိုအပ်သောအချက်အလက်များအား မိမိသဘောဆန္ဒအလျောက်ပေးအပ်ရန် တောင်းဆိုနိုင်ပါသည်။

ကျွန်ုပ်တို့ ဘာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တွေကို စုဆောင်းရတာလဲ?

အိမ်တိုင်ယာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှုကို ရယူရန် ကြိုတင်စာရင်းသွင်းချိန်းဆိုမှုများပြုလုပ်ခြင်းဖြင့် ဝန်ဆောင်မှုပေးသူနှင့် လူနာကြား ပရော်ဖက်ရှင်နယ်ပီသသော ဆက်ဆံရေးကို တည်ဆောက်ရန် ရည်ရွယ်ပါသည်။ သင်၏ အချက်အလက်များကိုရယူရန် သင့်ခွင့်ပြုချက်ရရှိပြီးနောက်တွင် သင့်ထံမှတိုက်ရိုက်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးသူများထံမှ လည်းကောင်း ရယူပါမည်။ ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို မပေါက်ကြားအောင် လျှို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်သည်။

သင်၏အချက်အလက်များကို ကောက်ယူသည့်နည်းလမ်းများ

သင့်အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ကျွန်ုပ်တို့သည် သင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို အောက်ပါနည်းလမ်းများဖြင့် စုဆောင်းအသုံးပြုပါမည်။
1. အကောင့်မှတ်ပုံတင်ခြင်း။
သင့်မိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြု၍ Careme Nurse App တွင် သင့်အကောင့်ကို မှတ်ပုံတင်နိုင်သည်။
2. ပရိုဖိုင်ဖန်တီးခြင်း။
လူနာအက်ပ်တွင် ကိုယ်ပိုင်ပရိုဖိုင်ဖန်တီးရန် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖြည့်စွက်ရန် လိုအပ်သည်။
3. ချိန်းဆိုခြင်း။
ဖန်တီးထားသောပရိုဖိုင်တွင် ပေးထားသည့် သင်၏အချက်အလက်များကို အိမ်တိုင်ယာရောက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများလက်ခံရယူရန် ကြိုတင်စာရင်းသွင်းချိန်းဆိုမှုများ ပြုလုပ်ရန်အတွက် လူနာများထံ မျှဝေပါမည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကာကွယ်ခြင်း

ကျွန်ုပ်တို့သည် သင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကျင့်ဝတ်အရ သင့်လျော်သောအကာအကွယ်များနှင့် လုံခြုံရေးအစီအမံများဖြင့် ကာကွယ်ပေးပါသည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို အီလက်ထရွန်းနစ်ဖိုင်များတွင် ထိန်းသိမ်းထားပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ဝင်ရောက်ကြည့်ရှုခြင်းနှင့် ထုတ်ဖော်ခြင်းအား ဝန်ဆောင်မှုပေးသူများ၊ တာဝန်ထမ်းဆောင်ရန် လိုအပ်သော   Careme မှ ဝန်ထမ်းများနှင့် ဥပဒေအရ ခွင့်ပြုထားသောသူများကိုသာ ခွင့်ပြုမည်ဖြစ်ပါသည်။

Last updated: 22nd November 2024
Contact information

Please contact us via 09987262284 if you have any questions about our privacy policy and/or our privacy practices.